jestpic.com

Discover Best Images of World

#food #travel #sports #news #may #saturday

ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးသူမှန်သမျှ မကြာခင် ရာဇဝတ်သားဖြစ်မယ်
#MyanmarMilitaryJunta
#MilitaryCoupInMyanmar
#DeltaNewsAgency
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသူမှန်သမျှဟာ သိပ်မကြာခင်အချိန်အတွင်း ရာဇဝတ်သားဖြစ်လာ မယ်ဆိုတာ  သိရှိကြဖို့လိုကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကသတိပေးလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်မြေပြင်အတွင်း ကျင့်ဝတ်ကင်းမဲ့စွာနဲ့ ထင်ရသလို စည်းလွတ်ဘောင်လွတ် ပြုမူ နေသလို ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုပါ သတ်ဖြတ်ဖျက်ဆီးနေခြင်းဟာ အင်မတန်ကြီးလေးတဲ့ ရာဇဝတ်မှုကို ကိုယ်ထိလက်ရောက်ကျူးလွန်နေခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။

‘ပြည်သူကိုသတ်ဖြတ်တာ၊ပြည်သူ့အိုးအိမ်စည်းစိမ်ကိုလုယက်တယ်ဆိုတာ ဒီနေ့ခေတ်မှာ ဘယ်လိုမှ လိမ်လို့မ ရအောင်သက်သေအထောက်အထားအခိုင်အမာရှိတယ်။ဘယ်သူဦးဆောင်တဲ့တပ်ဖွဲ့တွေက ဘယ်ရွာကိုဝင်ပြီး ပစ္စည်းတွေလုတယ်၊အိမ်မီးရှို့တယ်ဆိုတာမျိုးကို ဒီနေ့ခေတ်မှာ အလွယ်တကူရှာရမခက်ဘူးဆိုတာသ ဘော ပေါက်ကြ ဖို့လိုတယ်။ကိုယ့်လုပ်ရပ်ကိုယ်တစ်ချိန်မှာ တာဝန်ခံရမယ်။အဲဒီတစ်ချိန်ဟာလည်း သိပ်မကြာတော့ ဘူးဆိုတာ သဘောပေါက်ဖို့လိုပြီ’လို့ သူကပြောပါတယ်။
ဒီဇင်ဘာ၂၄ရက်နေ့၊ဖရူဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်ခြင်းဟာ ဘယ်ကမ္ဘာကမှ လက်မခံတဲ့ အောက်တန်းအကျဆုံးအကြမ်းဖက်လုပ်ရပ်ဖြစ်သလို နိုင်ငံအနှံ့ပြည်သူ့အိုးအိမ်တွေကိုလုယက် ဖျက်ဆီးနေခြင်းနဲ့ ပြည်သူ့အသက်ကို အလွယ်တကူသတ်ဖြတ်နေခြင်းအပေါ် ပြည်သူတွေက ခွင့်လွှတ်မှာမ ဟုတ်ဘူးဆိုတာကို အလေးအနက်နားလည်ကြဖို့လိုတယ်လို့သူကထပ်ပြောပါတယ်။

‘အထက်ကခိုင်းလို့ပါဆိုပြီး အကြောင်းပြလို့မရဘူး။စစ်သားတစ်ယောက်ဆိုတာ အထက်အမိန့်ထက် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုစောင့်ရှောက်ဖို့ကကိုယ့်အသက်လိုအရေးကြီးတယ်။ရွာတွေထဲဝင် တွေ့တဲ့လူ သတ်၊ပြည်သူတွေအိမ်ထဲဝင်ပြီး ရှိသမျှမွှေနှောက်လုယက်နေတယ်ဆိုတာ စစ်သားတစ်ယောက်ရဲ့အပြုအမူ လား၊ဓားပြရဲ့အပြုအမူလားဆိုတာ သိကြဖို့ကောင်းတယ်’လို့ သူကဆက်ပြောပါတယ်။

မင်းအောင်လှိုင်နဲ့အဖွဲ့ကို ဘယ်နိုင်ငံကမှ လက်မခံတာ၊ပြည်သူကို ဘာ့ကြောင့်သတ်ဖြတ်ခိုင်းနေသလဲဆိုတာ သဘောပေါက်ကြဖို့ကောင်းပြီလို့လည်းသူကဆိုပါတယ်။
‘သဘောမပေါက်ရင် ကိုယ်ပါခံရတော့မယ်ဆိုတာသိကြပါ။ပြည်သူကိုဘယ်သူ့အတွက်သတ်ခိုင်းနေတာလဲ။အဲဒီ မေးခွန်းကို ကိုယ့်ဘာသာကြိတ်ဖြေပြီး သက်ပြင်းချနေရမယ့်အချိန်လည်းမဟုတ်တော့ဘူး။အလင်းဝင်ရမယ့်အ ချိန်ပါ’လို့သူကဆက်ပြောပါတယ်။

1/2/2022, 10:28:19 AM